1. 1. 1.

Thursday, January 5, 2012

အိမ်မက်ဆိုးက လန့်နိုးတဲ့တစ်နေ့

အတိတ်ဆိုတာ ပုံပြင်တစ်ပုဒ် ဒါမှမဟုတ် အိမ်မက်တစ်ခုသာဖြစ်ခဲ့မယ်ဆိုရင် သိပ်ကောင်းမှာပဲနော်...ကို.....
တိုက်ဆိုင်မှုရှိတိုင်း နာကျင်မှုတွေဖြစ်စေတဲ့ ဒီအတိတ်ဆိုးကို ကျမမုန်းချင်ပါပြီး...ဖြစ်နိုင်မယ်ဆိုရင် ကျမ အတိတ်မေ့ချင်တယ် ကိုရယ်....၊ရှင့်ကြာင့်ရခဲ့တဲ့ ကျမအရမ်းမုန်းတီးတဲ့ ခါးသီးတဲ့အတိတ်ဆိုးတွေ ဝေဒနာဆိုးတွေက ရှင့်ကိုတွေ့မြင်လိုက်တိုင်း အသစ်ပြန်ပြန်ဖြစ်လာတယ်
ကျမအရမ်းခံစားရတယ်...ကျမအရမ်းနာကျင်ရတယ်... တစ်ချိန်က  ကျမ ဘယ်လိုပဲရှင့်ကို သတိရပါစေ... ကျမဘယ်လိုပဲနာကျင်စွာခံစားရပါစေ...  နောက်ဆုံးရှင့်ကိုနာကျဉ်းလွန်းလို့ ကျမသေဆုံးသွားပါစေ... ရှင်ကျမဆီပြန်မလာသင့်ဘူးကိုရယ်... ရှင်လျှောက်မယ်လို့ ဆုံးဖြတ်ထားပြီးပြီးရင် အဲ့ဒီလမ်းကို ဆုံးခန်းတိုင်အောင် လျှောက်သင့်တာပေါ့... အခုတော့ကျမအရမ်းချစ်ရတဲ့ ကိုက ကျမအနားမှာရှိနေပေမယ့် ခွင့်မလွှတ်တက်တဲ့ ကျမရဲ့စိတ်ကြောင့် ဖြေစရာမရှိဘူးကို.... အခုချိနှ်မှာ ရှင်ကျမကို ဘယ်လောက်ကြီးပဲ ချစ်တယ်ပြောပြော ဘယ်လိုပဲ စိတ်ချမ်းသာအောင်ထားထား ခဏတာပျော်ရွှင်မှု့ကို မက်မောခဲ့ဘူးတဲ့ ရှင့်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တစ်ခုကြောင့် ကျမရဲ့စိတ်မှာ တစ်သက်စာ ဒဏ်ရာတွေနဲ့ပေါ့..... ရှင်လည်းမပျော်သလို ကျမအတွက်လည်း စိတ်ချမ်းသာမှုမရှိခဲ့ပါဘူး.... ကျမရှင့်ကိုချစ်တဲ့.. အထင်ကြီးလေးစားတဲ့.. အားကိုးလောက်တဲ့..လူတစ်ယောက်လို့ ရှင့်ကိုယုံခဲ့တယ်... ဒါပေမယ့် ကျမမှားသွားခဲ့တယ်.. ဘ၀မှာ အမှားမရှိအောင်ပေးဆပ်ခဲ့ပါတယ်.. ရှင့်ကိုမြင်မိတိုင်း ဘာအပြစ်မှမရှိတဲ့ ကျမတန်ဖိုးထားရတဲ့ ကျမရဲ့ လှပတဲ့ဘ၀...ဘာအစွန်းအထင်းမှမရှိတဲ့ ကျမရဲ့ဖြူစင်တဲ့ စိတ်ရင်းတွေကို ညစ်နွမ်းစေခဲ့တဲ့ ရှင့်ရဲ့ လုပ်ရပ်တွေကြောင့် ကျမ ရင်ထဲ အသည်းထဲမှာ နင့်နေအောင်ခံစားရပါတယ်... ကျမလေ ကျမအရမ်းချစ်ရတဲ့ ရှင့်ကို သိပ်စိတ်ကုန်တယ်.. ရှင့်ကို မုန်းလိုက်ချင်တယ်..ရှင့်ကို မေ့ပစ်လိုက်ချင်တယ်.. ရှင့်ကို ဒေါသထွက်တယ်..ရှင့်ကိုနာကျဉ်းတယ်.. ရှင့်ကို စိတ်ပျက်တယ်.. ဒါပေမယ့် ကျမရှင့်ကို မရက်စက်ရက်ဘူး... ရှင့်ကို ကျမခံစားရသလို မခံစားစေချင်ဘူးကိုရယ် ...................
        ကျမတို့ရဲ့ ပြန်ဆက်ထားတဲ့ သံယောဇဉ်ကြိုးလေးရဲ့ ဆက်ထုံးလေးကို ပျောက်သွာအောင် ဥံဖွ လို့ မန်းပေးနိုင်မယ့် မှော်ဆရာမလေးတစ်ယောက် ဖြစ်နိုင်ရင် ကျမခဏဖြစ်လိုက်ချင်တယ်လေ:PPPP   ရိုးသားမှုတွေနဲ့ တည်ဆောက်ဖွဲစည်းထားတဲ့ ကျမရဲ့ စိတ်ဟာ ဘယ်လိုမရိုးသားမှုတွကိုမှ လက်မခံနိုင်လို့ပါ ဒါကြောင့်လည်း ကျမ ခံစားရသလို ဘယ်သူ့ကိုမှ ပြန်ပြီ မခံစားစေချင်ပါဘူး ဒီဝဋ်ကျွေးတွေ ကုန်စင်တဲ့တစ်နေ့တော့ ကျမအတွက် ပျော်စရာကောင်းတဲ့ အနာဂါတ်ကို ဘုရားသခင်က လက်ဆောင်အဖြစ် ဖန်ဆင်းပေးနိုင်ပါစေလို့ ကျမ လမင်းကြီးကို သက်သေပြုပြီး ဆုတောင်းနေမိတော့တယ်။
post byး ဒီလှိုင်း