မင်းဂစ်တာသံကြား ပျောက်ရှကုန်ပြီလေ..
မျက်ရည်တွေကြွေ ထုံးစံအချိန်လေးတွေလည်း
မင်းတေးဆိုသံကြား မှောက်ကျကုန်ပြီလေ..
မပျော်နိုင်လက်မှိုင်ချကာ ထောင့်လေးမှာမှီနေချိန်လေးတွေလည်း
အပြုံးအသစ်လေးတွေကြား ခုဆို မြူးတူးနေလို့
အိပ်ရာထတိုင်းလည်း လန်းနေပါပြီလေ..
အတွေးအသစ်တွေကြား အမြဲ သီချင်းဆိုညည်းတတ်နေလို့
အသက်ရှူနေချိန်တိုင်းလည်း မွှေးပျံ့နေပြီလေ..
စိတ်ကူးအသစ်တွေကြား ညတိုင်း ကဗျာစပ်နေလို့
အိမ်မက်တွေတိုင်းလည်း ချိုသာနေပါပြီလေ.. .. ..။
No comments:
Post a Comment