1. 1. 1.

Friday, December 30, 2011

မနောဖြူဖြူ ရွှေမြိုင်သူ

ချစ်စရာကောင်းလှ မွန်တို့ဓလေ့က
ကြီးသူရိုသေ ရွယ်သူလေးစား
ငယ်သူသနား ဂရုဏာထားကာ
မေတ္တာပွားလို့ နေတယ်လေ...။

တူမတူတဲ့ စိတ်ရင်းရယ်က
ဖြူစင်မှုကို ရှေ့တန်းတင်လို့
ရိုးသားမှုကို သီကာကုံးမယ်
စပါယ်တစ်ကုံး ဖြစ်စေတယ်...။

ရိုးရှင်းပေစွ မွန်အလှက
ရောင်ခြယ်မှုကင်း ဖြူစင်စေလို့
ပါးနှစ်ဖက်က ပါးကွက်ကြားက
တို့များအလှကို ပန်းချီဆရာရဲ့
စုတ်ချက်ရယ်နဲ့ ပန်းပုဆရာရဲ့
စူးဆောက်တွေက တိုင်းတာကန့်သက်
မိတ္တူမကူးနိုင်တဲ့ အလှတစ်ပါးဖြစ်တယ်ကွယ်...။


တောတောင်တွေအလှ သဘာဝက
ရှုမျှော်မဆုံး အပျော်ဆုံးမို့
တို့များဌာနေ ခဏဖြစ်စေ
အလည်လာစေချင်ပါသည်.....။

No comments:

Post a Comment