1. 1. 1.

Friday, December 2, 2011

အိမ်မက်တစ်ခု၏ အလွမ်းပြေ

မျှော်လင်ချက်အတောင်ပံတွေကို ဖြန့်ကျက်ပြီး အားမာန်အပြည့်နဲ့ပေါ့ အိမ်မက်တစ်ခုကို စပြီးအကောင်အထည်ဖေါ်ဖို့အခွင့်အရေးရပါလျှက်နဲ့ ပျက်စီးခဲ့ရတယ်လေ ချူချာလွန်းတဲ့ ကျန်းမာရေးနဲ့ မိဘတွေရဲ့ စိုးရိမ်ပူပန်မှုတွေက  ငါ့ရဲ့ အိမ်မက်တွေကို ငါနဲ့ အဝေးကြီးဆီကို ရောက်သွားစေခဲ့တယ် “နည်းပညာတက္ကသိုလ်( မော်လမြိုင် )” ဆိုတဲ့ကျောင်းကြီးကို မြင်တိုင်း ၀မ်းနည်းခဲ့ရတယ်
ရည်မှန်းချက်ကိုယ်စီနဲ့ တက်ညီလက်ညီပျော်ခဲ့ကြတဲ့ သူငယ်ချင်းတွေကတော့ ဒီအချိန်မှာ သူတို့ရဲ့အိမ်မက်တွေကို ကိုယ်စီပိုင်ဆိုင်ခွင့်ရခဲ့လို့ ပျော်နေကြလေရဲ့ ငါ့ကိုနားလည်ပေးပါကျောင်းကြီးရယ် နင့်ဆီကိုတော့ မကြာခဏဆိုသလို ငါအလွမ်းပြေ ရောက်လာပါတယ်နော် ဒီဘ၀မှာ မက်ခွင့်မရှိပေမယ့် နောက်ဘ၀ဆိုတာ ရှိခဲ့ရင်ပေါ့ ငါ့ရဲ့မျှော်လင့်ချက်ကရှိနေအုံးမှာပါ......။
       
      အဲ့ဒီအချိန်က ကျမရဲ့ဆန္ဒတွေဖြစ်ခွင့်မရခဲ့တော့ ပထမဦးဆုံး မျက်ရည်တွေနဲ့အတူ ကဗျာလေးတစ်ပုဒ်ဖြစ်ခဲ့ရတဲ့ ကဗျာလေးပေါ့ အခုထိမှတ်မိနေသေးတယ်
 ကလေးအတွေးနဲ့ရေးထားတာပါ။
       
                ကလေးအတွေး
         ရွှေလ၀ါဝါ ထိန်ထိန်သာသည်
        နှင်းအေးမြမြ ညတစ်ည၀ယ် 
        လပြည့်ဝန်း၏ မျက်နှာပြင်ကို
        ထိုင်ကာငေးမော
       လိုချင်ဆုများ တောင်းနေမိသည်......။

No comments:

Post a Comment