နင့်ရဲ့....
အငွေ့ပျံလွယ်တဲ့ အရှိန်အ၀ါတွေနဲ့
ငါ့ကို
ဘယ်လောက်ပဲ မျက်ရည်ကျအောင်လုပ်စမ်းပါစေ...
နင့်ကို....
လွှမ်းခြုံထားတဲ့ အလွှာတွေနဲ့
နင့်ဘဝ
ဘယ်လောက်ပဲ လုံခြုံနေပါစေ...
နင်အားကိုးတဲ့ အရှိန်အ၀ါတွေနဲ့
နင်အားကိုးတဲ့ အလွှာတွေနဲ့
ဘ၀င်မြင့်နေတဲ့ နင့်ဘ၀လည်း
အိမ်ရှင်မတွေရဲ့ လက်ထဲအရောက်
အလွှာတွေလည်းပျောက်လို့
လုံးပါး ပါးသွားခဲ့ရပြီပဲမဟုတ်လား
ကြက်သွန်နီလေးရယ်...။
မှတ်ချက်။ ။ ဟင်းချက်မလို့ ကြက်သွန်ခွာနေရင်း မျက်ရည်ကျ... စိတ်ကတိုလာ... ကံဆိုးစွာပဲ တရာခံက ကြက်သွန်ဖြစ်ရောပေါ့။ ဒါနဲ့ ငါ့ကို မျက်ရည်ကျအောင်လုပ်တဲ့ အဲ့ကြက်သွန်ကို ဖွတ်ဖွတ်ညက်ညက် ကြေအောင်ကျိတ်ပြစ်ပြီး ဟင်းအိုးထဲထဲ့ချက်လိုက်တာ အစတောင်ရှာလို့ မတွေ့တော့တဲ့အဖြစ် ... မှတ်ထား။
*( ဘာရယ်မဟုတ် ဟာသလေးပါ... သူငယ်ချင်းတို့လည်း ဒီကဗျာလေးဖတ်နေချိန်မှာ နည်းနည်းလေးတော့ တွေးပြီး ပြုံးမိမယ်ထင်တယ်...ဟုတ်)*
ဟိ ကြက်သွန်နီးဘ၀အမှန်လေးပဲ
ReplyDeleteအဲ့ကြက်သွန်ကို ဖွတ်ဖွတ်ညက်ညက် ကြေအောင်ကျိတ်ပြစ်ပြီး ဟင်းအိုးထဲထဲ့ချက်လိုက်တာ အစတောင်ရှာလို့ မတွေ့တော့တဲ့အဖြစ် ... မှတ်ထား။
ReplyDeleteအင်း နောက်ဆုံးတော့ ဗိုက်ထဲရောက်သွားတာပါပဲနော်
ဟဟ ကြက်သွန်နီကို ကဗျာလေးဖွဲ့ရေးထားတာ တယ်ကောင်းပါလား
ReplyDeleteကဗျာရေးတဲ့လူက လက်စွမ်းထက်လှပါဘိ
ကဗျာလေးကိုအားပေးသွားတယ်နော်
ပျော်ရွှင်နိုင်ပါစေ
ခင်တဲ့(အိမ်မက်ကောင်းကင်)
ထူးခြားတဲ့စိတ်ကူးလေးနဲ့ ကဗျာလေးကို အားပေးသွားတယ်လေပြေရေ...
ReplyDeleteဟွန်း...မှတ်ကရော ကြက်သွန်နီ...ဘာတတ်နိုင်သေးလဲဟင်....:P
အားပေးလျက်..
ခင်မင်နေတဲ့..မိုးနတ်
နင့်ကို....
ReplyDeleteလွှမ်းခြုံထားတဲ့ အလွှာတွေနဲ့
နင့်ဘဝ
ဘယ်လောက်ပဲ လုံခြုံနေပါစေ...
...........
အတွေးလေးကောင်းတယ် ။ တော်ပါတယ်ဗျာ