ပိတောက်နှိုးတဲ့ ဖက်ဆွတ်မိုးနဲ့အတူ
အေးမြတဲ့လေပြေချိုက လှစ်ကနဲ့တိုးဝင်လာ
ဟိုး... ခြံထောင့် ပိတောက်ပင်ဆီမှ
သင်းပျံ့တဲ့ ပန်းပိတောက်ရနံ့က
ဝန်းကျင်တစ်ခုလုံး ထုံသင်းစေတာ...
သင်္ကြန်ရဲ့ကဗျာ သူ့အလှက
ကောင်းကင်ကို ပေါင်းတင်ထားသလို
ရွှေဝါရောင် ၀င်းဝင်းပလို့
တစ်သွေးတစ်မွေး လှနေရက်လိုက်တာများ
အများတစ်ကာချစ်ကြတဲ့ ပန်းပိတောက်ကညာပျိုတဲ့...
သူရောက်လာပြီး ဆိုတဲ့အကြောင်း
ရွှေကျေးတမာတွေက ကြေငြာပေးကြတယ်...
နွေရင်ခွင်မှာ အပူဟပ်ပေမယ့်
သူနဲ့ မပတ်သက်တာကြောင့်
လူတစ်ကာက ချစ်ကြတယ်...
ခြွေလက်ကိုမကြောက်တဲ့ ပန်းပိတောက်တွေက
မာယာပဉ္စလက် သူ့အတက်တွေနဲ့
လွမ်းမိအောင်လည်း ပြုစားတက်တယ်...
နှစ်သစ် တန်ခူးမှာလေ
နှစ်သစ် တန်ခူးမှာလေ
သစ္စာရှိတဲ့ ပန်းငုဝါကလည်း
အတာရက်ကို သူလာဖွင့်ပြီး
တူပို့သံစဉ်ကို သူဖန်ဆင်းထားသလို
စည်းချက်မှန်စွာ ဘယ်ညာယိမ်းကာ
ပင်ယံထက်မှာ လှမ်းပြောနေတာက
နောင်နှစ်တိုင်းလည်း သူလာခဲ့အုံးမတဲ့...။
မှတ်ချက်။ ။ဒီကဗျာလေးက သင်္ကြန်မတိုင်ခင်ကတည်းက ရေးထားခဲ့တာ... အမှတ်မထင် ခရီးထွက်ရတော့ မတင်ဖြစ်လိုက်ဘူး...ကျမရဲ့မွေးရပ်မြေဖြစ်တဲ့ နယ်မြို့လေးမှာ ပိတောက်ပန်းတွေက ခုချိန်ထိဝေေ၀ဆာဆာပွင့်နေတုန်းလေ... အဲ့ဒါကြောင့် နောက်ကျနေပေမယ့် မဟောင်းသေးဘူးလို့ ခံစားမိတာနဲ့တင်ဖြစ်သွားတာပါ။ (1:40 PM)
သင်္ကြန်ရဲ့မင်းသမီးလေး ပန်းပိတောက်နဲ့
ReplyDeleteရှေ့တော်ပြေး ကိုယ်ရံတော် ပန်းငုဝါလေးတို့အတွက်
ကဗျာလေး အားပေးသွားတယ် လေပြေရေ...
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
This comment has been removed by the author.
ReplyDeleteဖတ်ပြီး ပန်းပိတောက်လေးတွေကို
ReplyDeleteလွမ်းမိပါတယ်
လေပြေရေ မရောက်ဖြစ်တာတောင် တော်တော်ကြာပြီ။ကွန်မကောင်းတော့ ဒီနေ့မှပဲ ရောက်ဖြစ်တော့တယ်။ ကဗျာလေးက နူးနူးညံညံလေးပါပဲ။
ReplyDelete