ဘေးထိုင် ဘုပြောပြီးဘ၀င်မကျ ဘ၀ကိုအပြစ်မြင်
လောကကြီးကို အပြစ်တင်မနေပါနဲ့။
လောကကြီးရဲ့ အတွင်းသရုပ်ကို
ယုတ္တိနည်း ကျကျ
ဖေါက်ထွက် သုံးသပ်လို့
“လောကကြီး ဘာဖြစ်နေလဲ” ဆိုတာထက်
“လောကကြီးကို ငါဘာလုပ်ပေးနိုင်မလဲ” ဆိုတာတာ
စဉ်းစားပါ။
မြေကြီးပေါ်က လောကနိဗာန်ကို
ဖန်တီးဖို့အတွက်
ဘောဂဗေဒ ပညာရှင်တွေထက်
ဘယ်သူကမှ
ပိုမဖန်တီး နိုင်ကြပါဘူးတဲ့
ထားပါတော့....
လောကမှာ
ရုပ်ဝတ္ထုပစ္စည်း အလျှံအပယ်ကြွယ်ဝရုံနဲ့
ဘ၀ရဲ့ အနှစ်သာရစစ်စစ်ကို
ဘယ်လိုမှ မတွေ့နိုင်ကြပါဘူး။

